Friday, July 18, 2014

မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပျာလုပ်ငန်းဌာနနှင် အင်္ဂလန်နိုင်ငံအခြေစိုက် အစိုးရအဖွဲ့အစည်းမဟုတ်သော မြန်မာနိုင်ငံရှိ TAG အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ချုပ်ဆိုသည့် သဘော တူညီမှုစာချွန်လွှာ ရေးထိုးခြင်းအခမ်းအနားကို (၁၈-၇-၂၀၁၄) ရက်နေ့(၁၂း၀၀) နာရီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဦးဆောင်၍ ဒုတိယ၀န်ကြီး ဒေါက်တာအောင်မြတ်ဦး မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးညွှန်ကြားမှု ဦးစီဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်တို့ တက်ရောက်ခဲ့ကြပါသည်။

အင်္ဂလန်နိုင်ငံအခြေစိုက် TAGအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျာလုပ်ငန်းဌာနတို့ပူးပေါင်းပြီးစီမံကိန်းကို ဆောင်ရွက် ခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် ပျားမွေးမြူရေးအတတ်ပညာဖြင့် အသက်မွေး ၀မ်းကြောင်းမှုများ စားနပ်ရိက္ခာ ဖူလုံရေးတို့ကို တိုးတက်လာစေပြီး ကျေးလက်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများကို များစွာအထောက်အကူ ဖြစ်စေနိုင်ပါသည်။ အဓိကစီမံကိန်းတည် နေရာဖြစ်သော ရှမ်းပြည်နယ်တွင် ပျားမွေးမြူရေးလုပ်ငန်းကိုစတင် ဆောင်ရွက်ခြင်း၊ အတွေ့အကြုံရှိပြီးဖြစ်သော ပျားမွေးမြူသူများအား နည်းပညာ၊ လုပ်ငန်းသုံးကိရိယာ များ၊ မျိုးကောင်းမျိုးသန့်ပျားဘုရင်မများ ထပ်မံပံ့ပိုးပေးခြင်းဖြင့် အသက်မွေး ၀မ်းကြောင်း ဆိုင်ရာနှင့်အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment